မိုင်းပျဉ်းမြို့ မိခင်နှင့်ကလေးမူကြိုကျောင်းကလေးများ ကာယစွမ်းရည်ပြိုင်ပွဲ ဆောင်ရွက်

မိုင်းပျဉ်း ဇန်နဝါရီ  ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ လူမှုဝန်ထမ်းအသိအမှတ်ပြု မိခင်နှင့်ကလေးမူကြိုကျောင်းမှ ကလေးများ ကာယစွမ်းရည်ပြိုင်ပွဲကို ယနေ့ နံနက် (၉)နာရီက အဆိုပါ မူကြိုကျောင်းရှေ့၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။

(၇၈)နှစ်မြောက်  လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် လူမှုဝန်ထမ်းအသိအမှတ်ပြု မိခင်နှင့်ကလေးမူကြိုကျောင်းမှ ကလေးများ ကျန်းမာပျော်ရွှင် သွက်လက်ရွှင်လန်းစေပြီး ကိုယ်ကာယကြံ့ခိုင်စေရန် ရည်ရွယ်၍ ကာယစွမ်းရည်ပြိုင်ပွဲများဖြစ်သော အပြေးပြိုင်ပွဲ၊ ကြိုးထိုးပြိုင်ပွဲ၊ အင်္ကျီကြယ်သီးတပ်ပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲနှင့် ထိုင်ခုံလုပြိုင်ပွဲတို့ကို ကလေးများအားလုံး ပါဝင်ယှဉ်ပြိုင်ကစားစေပြီး ဆုရရှိသော ကလေးများအား လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ခံအရာရှိ၊ မိခင်နှင့်ကလေး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စောင့်ရှောက်ရေးအဖွဲ့ဝင်များနှင့် မူကြိုကျောင်းတာဝန်ခံဆရာမတို့က ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါ လူမှုဝန်ထမ်းအသိအမှတ်ပြု မိခင်နှင့်ကလေးမူကြိုကျောင်းမှ ကလေးများ ကာယစွမ်းရည် ပြိုင်ပွဲသို့ မူကြိုတာဝန်ခံဆရာမနှင့် မူကြိုဆရာမများ၊ မူကြိုကလေးငယ်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မူကြိုကလေးမိဘများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

နန်းသန္တာဦး(ပြန်ဆက်)