ကွမ်းခြံကုန်းမြို့နယ်၌ မဲရုံမှူး၊ဒုမဲရုံမှူး၊ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ

ကွမ်းခြံကုန်း ဇန်နဝါရီ ၂    

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ အ-ထ-က (၂) ဇာတိမာန်ခန်းမ၌ ယနေ့နံနက်ပိုတွင် မဲရုံတွင် တာဝန်ထမ်းဆောင်ကြမည့် တာဝန်ရှိသူများနှင့်တွေ့ဆုံပွဲအား ကျင်းပခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးချန်ဖီယာန်က ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းတာဝန်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူးပြည်စုံစိုးက လုံခြုံရေးဆိုင်ကိစ္စရပ်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်ချစ်က မဲရုံးမှူး၊ဒုမဲရုံမှူးများ၏ဆောင်ရွက်ရမည့် တာဝန်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်အေးသန္တာစိုးတို့က မဲရုံခင်းကျင်းပုံစံများအကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသည့် ဆရာ/ ဆရာမများ၊ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ ဥက္ကဋ္ဌများမှ သိရှိလိုသည့်များကို ပြန်လည်ဆွေးနွေးတင်ပြခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆွေနွယ်(ပြန်/ဆက်)