ကွန်ဟိန်း ဇန်နဝါရီ ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက် (၁၀) နာရီခွဲက မြို့မစျေးရှေ့၌ ဖြန့်ဝေခဲ့သည်။
အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သော ပြည်သူ့အစည်းအဝေးတွင် ပြောကြားခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းမှကောက်နုတ်ချက်၊ (၁၅-၁၀-၂၀၂၅)ရက်နေ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တစ်နိုင်ငံလုံးပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားတွင်ပြောကြားသည့် မိန့်ခွန်းမှကောက်နုတ်ချက်၊ ၂၀၂၆ ခုနှစ်၊ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်(၄)ရပ်၊ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းအကျဉ်း၊ ကမ္ဘာတည်သရွေ့စောင့်ရှောက်၊ လွတ်လပ်ရေးဆိုသည်မှာ(ကဗျာ)၊ ကာတွန်းနှင့် ဆောင်ပုဒ်များစသည့် အကြောင်းအရာများထည့် သွင်းဖော်ပြထားကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)