ကွမ်းခြံကုန်း ဇန်နဝါရီ ၂
ရန်ကုန်တိုင်းဒေသကြီး၊တွံတေးခရိုင်၊ကွမ်းခြံကုန်းမြို့နယ်သည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၂)တွင် ပါဝင်ပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက်နေ့တွင် ကျင်းပဆောင်ရွက်မည်ဖြစ်ရာ ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးရာတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များ INSTALLATION တပ်ဆင်အသုံးပြုခြင်းများကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါမြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM-INSTALLATION) တပ်ဆင်အသုံးပြုခြင်း ဆောင်ရွက်ရာတွင် MEVM စက်ထုတ်လုပ်သည့်ဌာနမှ နည်းပညာအထောက်အကူပြုအဖွဲ့မှ အဖွဲ့ခေါင်ဆောင်ဒေါ်နုနုဝေမှ MEVM စက်နှင့်ပတ်သက်ပြီး ရှင်းလင်းပြသ၍ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM-INSTALLATION) တပ်ဆင်အသုံးပြုခြင်းသင်တန်း တက်ရောက်ထားသည့် ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများက မြန်မာအီလက်ထရော နစ်မဲပေးစက်(MEVM)တပ်ဆင်ခြင်း၊ လွှတ်တော်အလိုက် မဲပေးစက်အတွင်း SD ကဒ်များ ထည့်သွင်းခြင်း၊ စတေကာတပ်ဆင်ခြင်းများကို နည်းစနစ်တကျ ဆောင်ရွက်လျက်ရှိရာ မြိုနယ်စီမံအုပ်ချုပ်ရေးနှင့်ခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးချန်ဖီယာန်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်ချစ်နှင့် အဖွဲ့ဝင်များက အနီးကပ်ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိသည်။
ကွမ်းခြံကုန်းမြို့နယ်အနေဖြင့် ရပ်ကွက်/ကျေးရွာအုပ်စု(၅၀)၌ မဲရုံပေါင်း(၁၁၄)ရုံ ဖွင့်လှစ်ကျင်းပ ဆောင်ရွက်သွားမည်ဖြစ်ရာ အဆိုပါမဲရုံများတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) လုံးတို့အား INSTALLATION နှင့် ဆက်စပ်ပစ္စည်းများတပ်ဆင်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ဆွေနွယ်(ပြန်/ဆက်)