တောင်သာမြို့နယ်၌ လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမှတ် ၈ ကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

တောင်သာ ဇန်နဝါရီ ၂        

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် တောင်သာမြို့၊ အမှတ် ၄ ရပ်ကွက်၊ အမှတ် ၈ ကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အဆိုပါ လမ်းမုဒ်ဦးရှေ့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဖွင့်ပွဲအခမ်းအနားအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဟန်သူရမှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဟန်သူရ၊ အဖွဲ့ဝင် ဗိုလ်မှူးဇေယျကျော်စွာ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ကျော်ဇာလင်း၊ မြို့နယ်စီမံကိန်းရေးဆွဲရေး ဦးစီးဌာနမှ ဦးစီးမှူး ဦးအောင်ဌေးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးချမ်းငြိမ်းတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါအမှတ် ၈ ကွန်ကရစ်လမ်းအရှည် ၂၀၀ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မအထူ လမ်းခင်းခြင်းလုပ်ငန်းများအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးချမ်းငြိမ်းမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် စည်ပင် သာယာရေးအဖွဲ့မှ ခွင့်ပြုရန်ပုံငွေကျပ် ၉,၄၂၁,၀၀ဝိ/- (ကိုးဆယ့်လေးသိန်း နှစ်သောင်းတစ်ထောင်ကျပ်တိတိ) ဖြင့် ကုန်ကျခံ၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)