ကော့မှူးမဲရုံများတွင် တာဝန်ထမ်းဆောင်မည့် တာဝန်ရှိသူများနှင့် တွေ့ဆုံ

ကော့မှူး ဇန်နဝါရီ ၂

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ မြို့သစ်ရပ်ကွက်ရှိ၊ မြို့နယ်အားကစားခန်းမ၌ ယမန်နေ့မဲရုံများတွင် တာဝန်ထမ်းဆောင်ကြမည့် တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲအား ကျင်းပခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာ ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ မဲရုံအဖွဲ့၏လုပ်ငန်းတာဝန်များ၊ မဲရုံခင်းကျင်းမှုပုံစုံများအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့် အဖွဲဝင်များမှ ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသည့် ဆရာ/ ဆရာမများ၊ ရပ်ကျေးကော်မရှင်အဖွဲ့ဥက္ကဋ္ဌများမှ သိရှိလိုသည့်များကို ပြန်လည်ဆွေးနွေးတင်ပြခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး မဲရုံခင်းကျင်းသရုပ်ပြသမှုအား တက်ရောက်သူများမှ လေ့လာ‌နေကြကြောင်း သိရသည်။

ကျော်သူရ (ကော့မှူး)