ငပုတော ဇန်နဝါရီ ၂
ဧရာတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အမျိုးသားအလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယမန်နေ့ ညပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အမျိုးသား အလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အားကစားကို စိတ်ဝင်စားကြသည့် လူငယ်၊ လူရွယ် (၆၀) ဦး၊ အသင်း (၁၂) သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အုပ်စုပတ်လည်ပွဲစဥ် (၁၂) ပွဲစဥ် ယှဥ်ပြိုင်ကစားကြမှာဖြစ်ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာများ၊ ပရဟိတအသင်းဝင်များနှင့် ပြည်သူများ စုစုပေါင်းအင်အား (၁၅၀) ဦး ကြည့်ရှုအားပေးခဲ့ပြီး ပြိုင်ပွဲတွင် ဆုရရှိသူများအား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့သဝဏ်လွှာဖတ်ပွဲအခမ်းအနားအပြီးတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ က ဆုများချီးမြှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။
အောင်သူ(ပြန်/ဆက်)