ကော့မှူး ဇန်နဝါရီ ၃
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ MEVM မဲပေးစက် Installation ပြုလုပ်ခြင်းသင်တန်းကို ဒီဇင်ဘာလ ၁ ရက်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။
သင်တန်းတွင် ရွေးကောက်ပွဲ၌ MEVM မဲပေးစက်ကိုင်တွယ်အသုံးပြုမည့်ဝန်ထမ်းများအား MEVM မဲပေးစက် Installation ပြုလုပ်ခြင်း၊ စက်များကိုကိုင်တွယ်အသုံးပြုနည်းများ၊ မဲပေးစက်များ ကြိုတင်ပြင်ဆင်ခြင်းနှင့် ဆန္ဒမဲပေးမည့်နေ့တွင် မဲပေးစက်များ အသုံးပြုဆောင်ရွက်ပုံ အဆင့်ဆင့်တို့ကို သင်တန်းနည်းပြ ဆရာ/ဆရာမများက လက်တွေ့သင်ကြားပေးနေကြောင်း သိရသည်။
အဆိုပါ MEVMမဲပေးစက် Installation ပြုလုပ်ခြင်းအား မဲရုံမှူး၊ ဒုမဲရုံမှူး၊ မဲပေးစက်ကိုင်သူ၊ စုစုပေါင်းအင်အား (၁၀၀) ဦးဖြင့် မြို့ပေါ်ရပ်ကွက် (၇) ရပ်ကွက်၊ ကျေးရွာအုပ်စု (၃)စုရှိ၊ မဲရုံ(၁၅)ရုံ၊ မဲပေးစက်(၇၃)လုံးအား စတင်ဆောင်ရွက်ရာသို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် (ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ) ဦးအောင်စောဝင်း၊ တွံတေးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညွှန့်နွယ်တို့မှ မဲပေးစက်များ Installation ပြုလုပ်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြကြောင်း သိရသည်။
ကျော်သူရ