အိမ်မဲမြို့နယ် ရွေးကောက်ပွဲတွင်အသုံးပြုမည့် MEVM မဲပေးစက် (၅၅၉) လုံးအား Installation လုပ်ငန်းများဆောင်ရွက်

အိမ်မဲ ဇန်နဝါရီ ၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်အသုံးပြုမည့် MEVM မဲပေးစက် (၅၅၉) လုံးအား Installation လုပ်ငန်းများဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများကို မဲပေးစက်ကျွမ်းကျင်ပညာရှင် ဗိုလ်ကြီးရန်မျိုးနိုင်က ရွေးကောက်ပွဲအောင်မြင် စွာကျင်းပနိုင်ရေးအတွက် မဲရုံများသို့ မြေပြင်ကွင်းဆင်းကြီးကြပ်ရေးအဖွဲ့တွင်ပါဝင်သော ဌာနဆိုင်ရာများ၊ Installation သင်တန်းတွင်ပါဝင်သော ဌာနဆိုင်ရာဝန်ထမ်းများအား လက်တွေ့ပညာပေးခြင်း၊ ချို့ယွင်းချက်များ အချိန်မီပြင်ဆင်ခြင်း၊ နည်းပညာဆိုင်ရာ အကြံပေးခြင်းများInstallation လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အိမ်မဲမြို့နယ်သည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) တွင်ပါဝင်ပြီး ၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၁၁)ရက်နေ့တွင်ကျင်းပမည်ဖြစ်ကြောင်းနှင့် အိမ်မဲမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု (၁၀၂)အုပ်စု၊ မဲဆန္ဒရှင်စုစုပေါင်း (၁၃၁၆၅၀)ဦး၊ မဲရုံစုစုပေါင်း (၁၁၂)ရုံရှိကြောင်း သိရသည်။

ချစ်သက်လယ်