မိုင်းဖြတ်မြို့နယ်၌ ရွေးကောက်ပွဲအပိုင်း(၂) အောင်မြင်စွာကျင်းပနိုင်ရေး မဲရုံများကြည့်ရှုစစ်ဆေး

မိုင်းဖြတ် ဇန်နဝါရီ ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးမောင်(ရှမ်းအရှေ့တာဝန်ခံ)သည် ယမန်နေ့နံနက်ပိုင်းက  တာဝန်ရှိသူများနှင့်အတူ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံများကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကိုကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဦးမျိုးမောင်(ရှမ်းရှေ့တာဝန်ခံ)သည် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှမျိုးနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ဝမ်ဟွေ ရပ်ကွက်အမက၊ ဝမ်ဝှေမဲရုံ၊ ဈေးတန်းရပ်ကွက်၊ အထက၊ ဈေးတန်းမဲရုံ(၁)နှင့် ဝမ်လုံးကျေးရွာ အုပ်စုရှိ မဲရုံအမှတ်(၂)နားမွန်းကျေးရွာခန်းမတွင်မဲရုံများကို သတ်မှတ်ချက်များနှင့်အညီ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၏ ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန် အဆင့်ဆင့်တို့ကို စနစ်တကျကြိုးစားဆောင်ရွက်ရေး အသေးစိတ်လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးမောင်(ရှမ်းရှေ့တာဝန်ခံ)သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးအစည်း အဝေးခန်းမ၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တာချီလိတ်ခရိုင်နှင့် မိုင်းဖြတ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှအဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ၊ ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများအား အသေးစိတ်လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)