လသာ ဇန်နဝါရီ ၃
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်သည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ဒုတိယအပိုင်း(၂)တွင်ပါဝင်ပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက်နေ့တွင် ကျင်းပဆောင်ရွက်မည်ဖြစ်ရာ ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးရာတွင်အသုံးပြုမည့် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)များ INSTALLATION တပ်ဆင်အသုံးပြုခြင်းများကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါမြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM-INSTALLATION) တပ်ဆင်အသုံးပြုခြင်း သင်တန်းတက်ရောက်ထားသည့် ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) တပ်ဆင်ခြင်း၊ လွှတ်တော်အလိုက် မဲပေးစက်အတွင်း SD ကတ်များထည့်သွင်းခြင်း၊ စတေကာတပ်ဆင်ခြင်းများကို နည်းစနစ်တကျဆောင်ရွက်လျက်ရှိရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရန်နိုင်၀င်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက အနီးကပ်ကြပ်မတ်ဆောင်ရွက်ပေးခဲ့သည်။
လသာမြို့နယ်အနေဖြင့် ရပ်ကွက် (၁၀) ရပ်ကွက်၌ မဲရုံပေါင်း (၁၆) ရုံ ဖွင့်လှစ်ကျင်းပဆောင်ရွက်သွားမည်ဖြစ်ရာ အဆိုပါမဲရုံများတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များအား INSTALLATION နှင့် ဆက်စပ်ပစ္စည်းများတပ်ဆင်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
နေလင်း