ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ်(တောင်ပိုင်း)တာဝန်ခံ ဦးခင်မောင်ဦး အပိုင်း (၂) ရွေးကောက်ပွဲပြုလုပ်မည့် ကလောမြို့နယ်သို့ သွားရောက်ကြည့်ရှုစစ်ဆေး

ကလော ဇန်နဝါရီ ၃

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ်(တောင်ပိုင်း) တာဝန်ခံ ဦးခင်မောင်ဦးသည် ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ တောင်ကြီးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးတို့နှင့်အတူ ယမန်နေ့ နေ့လယ်ပိုင်းတွင် ကလောမြို့သို့ သွားရောက်ပြီး ကလောမြို့နယ် စည်ပင်သာယာရေးခန်းမတွင် ကလောခရိုင်အုပ်ချုပ်ရေးမှူး၊ ကလောခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကလောမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စု (၅၄)အုပ်စုမှ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မဲရုံမှူးတာဝန်ထမ်းဆောင်မည့်သူများနှင့် တွေ့ဆုံပြီး ရွေးကောက်ပွဲ ပြုလုပ်ရန် ကြိုတင်ပြင်ဆင်ထားရှိမှုများနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အစည်းအဝေးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ရှမ်းပြည်နယ်(တောင်ပိုင်း) တာဝန်ခံ ဦးခင်မောင်ဦးက ရွေးကောက်ပွဲ အပိုင်း(၁)ကျင်းပ ပြုလုပ်ခဲ့သည့် မြို့နယ်များတွင် တွေ့ရှိရသော အတွေ့အကြုံအရ (၂) ဆိုင်းခွဲပြီး စစ်ဆေးပေးခြင်းဖြင့် မဲဆန္ဒရှင်များ မဲပေးရာတွင် အချိန်ကြာမြင့်မှုမရှိဘဲ မဲပေးနိုင်အောင် ဆောင်ရွက်ပေးရေး၊ ရွေးကောက်ပွဲတွင် အသုံးပြုမည့် MEVM စက်များကို ပြန်လည်စစ်ဆေး Installation ပြုလုပ်ခြင်းများအား စနစ်တကျ အမှားအယွင်းမရှိစေရေး ဆောင်ရွက်သွားရန်နှင့် လုံခြုံရေးအပါအဝင် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးနှင့်စပ်လျဉ်း၍ အသေးစိတ်ရှင်းလင်းမှာကြားခဲ့ပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၏ တင်ပြဆွေးနွေးချက်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားပြီးနောက် အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

ပြည်နယ် (ပြန်/ဆက်)