မိုင်းပန်မြို့နယ် စဝ်ကောလီခန်းမ၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) မဲပေးစက် Installation တပ်ဆင်ခြင်းဆိုင်ရာ ပြသ

မိုင်းပန် ဇန်နဝါရီ ၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်သည် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ဒုတိယအပိုင်း (၂) တွင် ပါဝင်ပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးရာတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များ INSTALLATION တပ်ဆင် အသုံးပြုခြင်းများကို ယမန်နေ့နံနက်ပိုင်းက စဝ်ကောလီခန်းမ၌ ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM-INSTALLATION) တပ်ဆင် အသုံးပြုခြင်း ဆောင်ရွက်ရာတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM-INSTALLATION) တပ်ဆင် အသုံးပြုခြင်းသင်တန်း တက်ရောက်ထားသည့် ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) တပ်ဆင်ခြင်း၊ လွှတ်တော်အလိုက် မဲပေးစက် အတွင်း SD ကတ်များထည့်သွင်းခြင်း၊ စတေကာ တပ်ဆင်ခြင်းများကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါ်နန်းမြမြအေးနှင့်အဖွဲ့ဝင်များက အနီးကပ်ကြပ်မတ်ဆောင်ရွက်သည်။

မိုင်းပန်မြို့နယ်အနေဖြင့် ရပ်ကွက်၊ ကျေးရွာအုပ်စု (၁၁) အုပ်စု၌ မဲရုံပေါင်း (၃၁) ရုံ ဖွင့်လှစ်ကျင်းပ ဆောင်ရွက်သွားမည်ဖြစ်ရာ အဆိုပါမဲရုံများတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ၁၇၂ လုံးတို့အား INSTALLATION နှင့် ဆက်စပ်ပစ္စည်းများ တပ်ဆင်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)