ကျောက်တလုံးကြီး ဇန်နဝါရီ ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသားကျောင်းသူများ ကာယ၊ ဉာဏစွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
အဆိုပါ အားကစားပြိုင်ပွဲများတွင် ကျောက်တလုံးကြီး အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ပိုက်ကျော်ခြင်း ပြေးခုန်ပစ်ပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ၊ ဂုန်နီအိတ်စွပ်ပြိုင်ပွဲ၊ စကောရွက်ပြိုင်ပွဲ၊ ထုပ်ဆီးတိုးပြိုင်ပွဲ စသည့် အားကစားနည်းမျိုးစုံကို ကျောင်းသား၊ ကျောင်းသူများက ပျော်ရွှင်စွာ ယှဉ်ပြိုင်ကစားခဲ့ကြသည်။
အားကစားနည်းပြိုင်ပွဲ အသီးသီးတွင် ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများက ဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇော်နိုင်လင်း