၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာအထက်တန်းကျောင်း ရွှေသောင်ယံတွင် ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ

ရွှေသောင်ယံ ဇန်နဝါရီ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်​၊ ရွှေသောင်ယံမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာအထက်တန်းကျောင်း ရွှေသောင်ယံတွင် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့နံနက် (၈)နာရီခွဲအချိန်က စတင်ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်သိန်းမှ အဖွင့်အမှာစကားပြောကြားပြီး ကျောင်းကော်မတီဥက္ကဋ္ဌနှင့် အ.ထ.က (ရွှေသောင်ယံ) ကျောင်းအုပ်ဆရာကြီးတို့မှ အသီးသီး အဖွင့်အမှာစကားများ ပြောကြားပေးသည်။

ထို့နောက် အ.ထ.က (ရွှေသောင်ယံ)ရှိ ကျောင်းသား၊ ကျောင်းသူလေးများမှ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ပေးပြီး ဆုများကို ချီးမြှင့်ပေးရာ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် A အဆင့်ဖြင့် ထူးချွန်စွာအောင်မြင်သူများ၊ ကျောင်းတက်မှန်ဆုရရှိသော ဆရာ၊ ဆရာမများ၊ ၂၀၂၅-၂၀၂၆  ကျောင်းအဆင့် အထိမ်းအမှတ်ပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများအား ထူးချွန်ဆုပေါင်း (၂၀၇) ဆုအား ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ကိုကိုမောင်