(၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် မှော်ဘီမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား U20 နှစ်အောက် ရပ်ကွက်ကျေးရွာအုပ်စုအမျိုးသားဘောလုံးဗိုလ်လုပွဲကျင်းပ

မှော်ဘီ ဇန်နဝါရီ ၃

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား U20 နှစ်အောက် ရပ်ကွက်ကျေး ရွာအုပ်စု အမျိုးသားဘောလုံးဗိုလ်လုပွဲကို ယမန်နေ့နေ့လယ် ၂ နာရီက အမှတ်(၁)ရပ်ကွက် မြို့မအားကစားကွင်းတွင် နယ်မြေ(၂)ဘောလုံးအသင်းနှင့် နယ်မြေ (၇) ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။

(၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ၂၀၂၅-၂၀၂၆ ခုနှစ် U20 နှစ်အောက် ရပ်ကွက်ကျေးရွာအုပ်စုအမျိုးသား ဘောလုံးပြိုင်ပွဲ ကိုဒီဇင်ဘာ ၅ ရက်နေ့မှစတင်ကျင်းပခဲ့ရာ ယမန်နေ့ နေ့လယ်အချိန်တွင် ဗိုလ်လုပွဲအဖြစ် နယ်မြေ(၂)ဘော လုံးအသင်းနှင့် နယ်မြေ(၇)ဘောလုံးအသင်းတို့ ယှဥ်ပြိုင်ကစားကြရာ နယ်မြေ(၇)အသင်းက (၁)ဂိုး၊ ဂိုးမရှိ နယ်မြေ(၇)အသင်းက ပထမဒိုင်းဆုကြီး ရရှိသွား၍ နယ်မြေ(၂)အသင်းက ဒုတိယနှင့်နယ်မြေ (၆) အသင်းက တတိ ယ ဆုရရှိခဲ့သည်။

(၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် မှော်ဘီမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌဖလား U20 နှစ်အောက် ရပ်ကွက်ကျေးရွာအုပ်စု အမျိုးသားဘောလုံး ဗိုလ်လုပွဲ၌ ပထမဆုရရှိသော နယ်မြေ(၇)ဘောလုံးအသင်းက ငွေကျပ်သိန်း (၂၀) နှင့် ဆုဖလား၊ ဒုတိယဆုရရှိသောနယ်မြေ(၂)အသင်းက ငွေကျပ်(၁၀)သိန်းနှင့် တတိယဆုရရှိသော နယ်မြေ (၆) အသင်းက ငွေကျပ် (၅) သိန်းနှင့် အခြားဆု ငွေများရရှိကာ အကောင်းဆုံး အားကစားသမားဆု၊ ဂိုးအကောင်းဆုံးဆု၊ နောက်တန်းအကောင်းဆုံးဆု၊ အလယ်တန်း အကောင်းဆုံးဆု၊ ရှေ့တန်းအကောင်းဆုံးဆု၊ ဂိုးသွင်းအများဆုံးဆုနှင့် အသန့်ရှင်းဆုံအား ကစားအသင်းဆု (၇) ဆုအား ထိုက်ထိုက်တန်တန်ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)