မိုင်းယောင်း ဇန်နဝါရီ ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ရပ်ကွက်/ကျေးရွာများ၌ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
၂၀၂၆ ခုနှစ်၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများအဖြစ် ထုပ်ဆီးတိုး၊ နှစ်ယောက်တွဲနှင့် မီတာ(၁၀၀)အပြေးပြိုင်ပွဲများ၊ ပူစီပေါင်းဖောက်၊ ဘော်လီဘောနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲများ၊ အာလူးကောက်၊ ဆန်ကောရွက်၊ ဂုံနီအိတ်စွပ် စသည့် အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများကို ကျင်းပပြုလုပ်ပြီး ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)