ကွမ်းခြံကုန်းမြို့နယ်၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပ

ကွမ်းခြံကုန်း ဇန်နဝါရီ ၃

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အ‌‌ခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲအား ယနေ့နံနက်ပိုင်းက အောင်ဆန်းသူရိယလှသောင်းအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အားကစားပြိုင်ပွဲများဖြစ်ကြသော အမျိုးသား/အမျိုးသမီး အားလူးကောက်ပြိုင်ပွဲ၊ အမျိုးသားဂုန်နီအိတ်စွပ်ပြိုင်ပွဲ၊ အမျိုးသမီးဆန်ကောရွတ်ပြိုင်ပွဲ၊ အမျိုးသားမီတာ ၁၀၀ အပြေးပြိုင်ပွဲနှင့် အခြားအားကစားပြိုင်ပွဲများ ကျင်းပရာ ကျောင်းသား/သူများက ပျော်ရွှင်စွာကစားကြသည်။

ထို့နောက် ပထမဆု၊ ဒုတိယဆု၊ တတိယဆု ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဆွေနွယ်(ပြန်/ဆက်)