ကြံခင်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် ကဗျာရွတ်၊ ပုံပြော၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ ကျင်းပ

ကြံခင်း ဇန်နဝါရီ ၃

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြတ်ရတနာ(ဓမ္မစကူးလ်)တို့ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အနာဂတ်၏ မျိုးဆက်သစ်လူငယ်များ ဗဟုသုတတိုးပွားလာစေရေးနှင့် ဉာဏ်ရည် ဉာဏ်သွေး ထက်မြက်လာစေရန်၊ လူအများရှေ့တွင် ပြောဆိုတတ်သည့် အလေ့အထကောင်းများ ရရှိလာစေရန် ရည်ရွယ်ကာ ယနေ့နံနက်ပိုင်းက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် ကဗျာရွတ်၊ ပုံပြော၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မေသဉ္ဇာနှင်းက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် ကဗျာရွတ်၊ ပုံပြော၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ ကဗျာဆရာ ရာဇာငယ်ကနောင်က “လူငယ်နှင့်ဘဝတိုးမှုလမ်းကြောင်းများ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်မေသဉ္ဇာနှင်း “လူငယ်နှင့် စာကြည့်တိုက်” ခေါင်းစဉ်တို့ဖြင့် ဟောပြောပြီးနောက် မြတ်ရတနာ(ဓမ္မစကူးလ်) ‌ဒေါ်စန်းစန်းအေးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ဆက်လက်၍ ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲများကိုကျင်းပပေးခဲ့ကြရာ ကျောင်းသား၊ ကျောင်းသူ  ၄၇ ဦးက သက်ဆိုင်ရာ ပြိုင်ပွဲခေါင်းစဉ်များ အလိုက်ဝင်ရောက်ယှဉ်ပြိုင်ကြသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ ရသ စာအုပ်စာစောင်ပြပွဲနှင့် မူးယစ်ဆေးဝါး အသိပညာပေး၊ မီးခိုးမြူငွေ့အန္တရာယ် အသိပညာပေး နံရံကပ်စာစောင်တို့ကို  ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်းစားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)