အိမ်မဲ ဇန်နဝါရီ ၃
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ-ထ-က (၁)ကျောင်း ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံဆုချီးမြှင့်ခြင်းအခမ်းအနားကို အဆိုပါကျောင်း၏ ရွေညီလာခန်းမ၌ ယနေ့နံနက် ၈ နာရီအချိန်က ကျင်းပခဲ့သည်။
အခမ်းအနားကို အ-ထ-က(၁)ကျောင်းသား/သူလေးများက “စုံညီပွဲတော်ဒို့နွှဲပျော်”သီချင်းသီဆို၍ ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် အိမ်မဲမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်ကိုကိုဦးက အဖွင့်အမှာစကားများကိုလည်းကောင်း မြို့နယ်ပညာရေးမှူးဆရာမကြီး ဒေါ်သင်းသင်းလွင်က အမှာစကားများကိုလည်းကောင်း ပြောကြားခဲ့ကြပြီး အ-ထ-က (၁)ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာလင်းလင်းခိုင်က ကျေးဇူးတင်စကားများကို ပြောကြားခဲ့သည်။
ဆက်လက်ပြီး အ-ထ-က (၁)အိမ်မဲ ဂုဏ်ဆောင် ဘက်စုံထူးချွန်ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ ၊ ဆရာမများအား ထူးချွန်ဆုများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့သည်။
ထို့နောက် အ-ထ-က အိမ်မဲကျောင်းသား၊ ကျောင်းသူလေးများက တေးသရုပ်ဖော်အက၊ အလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပြီး အခမ်းအနားအောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။
ချစ်သက်လယ် (အိမ်မဲ၊ ပြန်/ဆက်)