ကျောက်ပန်းတောင်း ဇန်နဝါရီ ၃
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ မဲရုံများ မီးဘေးလုံခြုံရေး တာဝန်ထမ်းဆောင်ကြမည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များအတွက် လိုအပ်လျက်ရှိသည့် မီးသတ်ဝတ်စုံများကို ယမန်နေ့ ညနေ ၃ နာရီခွဲက မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက မြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင် သွားရောက်ပေးအပ်ခဲ့ကြသည်။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂) တွင် ကျောက်ပန်းတောင်းမြို့နယ်၌ မဲရုံ ၂၀၀ ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပြီး၊ အဆိုပါ ရွေးကောက်ပွဲကာလအတွင်း မဲရုံများ၌ မီးဘေးလုံခြုံရေးတာဝန်ချထားမည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များအတွက် လိုအပ်လျက်ရှိသည့် တူညီဝတ်စုံများအား ပေးအပ်ခြင်းဖြစ်ကြောင်းနှင့် ရွေးကောက်ပွဲကာလမဲရုံများတွင် တာဝန်ထမ်းဆောင်ရာ၌ မိမိတို့ ထမ်းဆောင်ရမည့် မီးဘေးလုံခြုံရေးတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်သွားကြရန်နှင့် အုပ်ချုပ်/ထောက်ပံ့ ကိစ္စရပ်များအတွက် အခက်အခဲရှိပါက ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အရန်မီးတပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က ပြောကြားသည်။ ယင်းနောက် အရန်မီးသတ်ဝတ်စုံများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး နိုင်ဝင်းထွန်းနှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းမြင့်တို့က ပေးအပ်ရာ အရန်မီးသတ် ဒုတိယတပ်ရင်းမှူး ဦးစိုးနောင်နှင့် အရန်မီးသတ် တပ်စုမှူးများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)