အိမ်မဲ ဇန်နဝါရီ ၃
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် (၇၈) နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ ပြပွဲပြိုင်ပွဲများနှင့် အားကစားပြိုင်ပွဲများကို ယနေ့နံနက်(၁၀)နာရီအချိန်တွင်ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က လွတ်လပ်ရေး၏ အဓိပ္ပါယ်၊ လွတ်လပ်ရေးသမိုင်းကြောင်းနှင့် လွတ်လပ်ရေးကာလ တလျောက်ချုပ်ဆိုခဲ့သောစာချုပ်များ အကြောင်းတို့ကိုအကျယ်တဝင့် ဟောပြောခဲ့သည်။ ဆက်လက် ပြီး (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ဥာဏ်စမ်း ပဟေဋ္ဌိပြိင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီဆေးရောင်ခြယ်ပြိုင်ပွဲ၊ အားကစားပြိုင်ပွဲများအနေဖြင့် ဂုန်နီအိတ်စွပ်အပြေးပြိုင်ပွဲ၊ အာလူးကောက် ပြိုင်ပွဲ၊ စစ်တုရင်ပြိုင်ပွဲများကျင်းပရာ အ-မ-က မြို့မ (၂)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများပါဝင်ယှဥ်ပြိုင်ကြပြီးဆုရရှိသူများကို မြို့နယ်ပြန်/ဆက်ဦးစီးအရာရှိ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့မှ ဆုများအသီးသီးချီးမြှင့်ပေးခဲ့သည်။
ဆက်လက်ပြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်၊ ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းဝင်မှတ်တမ်းပုံများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ ဘဝဖြစ်စဥ်မှတ်တမ်းပုံများ၊ သုတရသရရှိစေမည့်စာအုပ်စာစောင်များကို ပြသထားခြင်း (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
ချစ်သက်လယ်