ကျောက်ဆည်မြို့ အမှတ် (၉) အခြေခံပညာမူလတန်းကျောင်း၌ ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ကျောက်ဆည် ဇန်နဝါရီ ၃

မန္တလေးတိုင်းဒေသကြီး၊ ကျေက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ အမှတ် (၉) အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက် ၉ နာရီက ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ Grade-5 ကျောင်းသား/ကျောင်းသူလေးများက “ကြိုဆိုပါသည်စုံညီပွဲတော်” သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမြင့်က ပညာရေးစုံညီပွဲတော် ကျင်းပပြုလုပ် ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာ/ဆရာမများက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၌ အတန်းစဉ်အလိုက် ပညာရည်ထူးချွန်ဆုရရှိသူများနှင့် ၂၀၂၅-၂၀၂၆ အားကစားပြိုင်ပွဲများ၌ ထူးချွန်ကျောင်းသား/ကျောင်းသူ များအား ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။

ထို့နောက် ကျောင်းသား/ကျောင်းသူလေးများက အခမ်းအနားသို့ တက်ရောက်လာသူများအား “မြတ်ဆရာ”၊ “မင်္ဂလာပါမြန်မာ”၊ “စည်လုံးခြင်းအတွက်သီချင်းတစ်ပုဒ်”၊ “ခွင့်လွှတ်ပါဆရာ” စသည့် တေးသီးချင်းများ၊ အက များဖြင့် သီဆိုဧည်ခံဖျော်ဖြေခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)