မိုင်းရှူးမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲကျင်းပ

မိုင်းရှူး ဇန်နဝါရီ ၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲကို ယနေ့နံနက် (၉) နာရီခွဲက အခြေခံပညာအထက်တန်းကျောင်း၊ ခရေဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

‌ရှေးဦးစွာ ပွဲတော်ကို ကျောင်းသား၊ ကျောင်းသူလေးများက “ကြိုဆိုပါသည်ဆုံညီပွဲတော်” တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ကြပြီး ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦး‌မောင်မောင်လွင်နှင့် ခရိုင်ပညာရေးမှူး ဦးအေးဝင်းတို့က အမှာစကားပြောကြားခဲ့သည်။

ထို့နောက် (၂၀၂၅-၂၀၂၆) ပညာသင်နှစ် လူရည်ချွန်ဆု၊ မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ဆု၊ ၂၀၂၄-၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲ ရာနှုန်းပြည့်အောင်ချက် အကောင်းဆုံးဆုနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့၊ (၇၈) နှစ်မြောက် အာဇာနည်နေ့၊ (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့၊ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့၊ မြန်မာအမျိုးသမီးများနေ့စသည့် အထိမ်းအမှတ်ဆုများရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသား/ကျောင်းသူလေးများက အကပဒေသာများဖြင့် ကပြဖျော်ဖြေတင်ဆက် ခဲ့ကြသည်။

အဆိုပါပွဲတော်တွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦး‌မောင်မောင်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလင်းထိုက်နှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မိခင်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ရပ်ကွက်နေ မိဘပြည်သူများ စည်ကားသိုက်မြိုက်စွာ လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သန်းလူ