ကျောက်ဆည် ဇန်နဝါရီ ၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်အဆင့်ဌာနပေါင်းစုံတို့ပူးပေါင်း၍ ယနေ့နံနက် ၇ နာရီခွဲက ကျောက်ဆည်ခရိုင် အားကစားကွင်းတွင် ၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဌာနပေါင်းစုံအမျိုးသမီးလွန်ဆွဲပွဲများ ပျော်ရွှင်စွာကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လွန်ဆွဲပြိုင်ပွဲတွင် မြို့နယ်အဆင့်ဌာနပေါင်းစုံမှ အမျိုးသမီးဝန်ထမ်းများဖြင့် ဖွဲ့စည်းထားသည့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကျောက်ဆည်မြို့နယ် ဦးစီးမှူးရုံး လွန်ဆွဲအသင်း၊ အစိုးရနည်းပညာအထက်တန်းကျောင်း(ကျောက်ဆည်) လွန်ဆွဲအသင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လွန်ဆွဲအသင်း၊ မြေစာရင်းဦးစီးဌာနလွန်ဆွဲအသင်း၊ သမဝါယမဦးစီးဌာနလွန်ဆွဲအသင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန လွန်ဆွဲအသင်း၊ အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်) လွန်ဆွဲအသင်း၊ နည်းပညာတက္ကသိုလ်(ကျောက်ဆည်) လွန်ဆွဲအသင်း၊ လူမှုဖူလုံရေးဦးစီးဌာန လွန်ဆွဲအသင်း၊ မြို့မရဲစခန်း လွန်ဆွဲအသင်း၊ စည်ပင်သာယာရေးအဖွဲ့ လွန်ဆွဲအသင်းများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ဌာနပေါင်းစုံ အမျိုးသမီးလွန်ဆွဲပြိုင်ပွဲ၌ ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသော လွန်ဆွဲအသင်းများအား ၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
သက်မောင် (ကျောက်ဆည်)