ဒေးဒရဲ ဇန်နဝါရီ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုအသင်းတို့ ပူးပေါင်း၍ ၂၀၂၆ ခုနှစ် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စံပြမိခင်နှင့် ကလေးပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်(၁၀) နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး အစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာချိုချိုဝင်းက စံပြမိခင်နှင့် ကလေးပြိုင်ပွဲ၏ စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့သည်။
ပြိုင်ပွဲအပြီးတွင် မြို့နယ်စီမံခန်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်က အသက် ၆ လမှ ၂ နှစ်အထိ ကလေးပြိုင်ပွဲတွင် ဆုရရှိသူများအားလည်းကောင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဒေါက်တာချိုချိုဝင်းက စံပြမိခင်ဆု ရရှိသူများကိုလည်းကောင်း ဆုများအသီးသီး ချီးမြှင့်ခဲ့ကြပြီး မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ တာဝန်ရှိသူများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသူများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။
အေဇာလင်း