ငါးသိုင်းချောင်းမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံထူးချွန်ဆု ပေးအပ်ပွဲကျင်းပ

ငါးသိုင်းချောင်း ဇန်နဝါရီ

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် အခြေခံပညာဦးစီးဌာနက ဦးဆောင်ကျင်းပသည့်  ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ကာယ၊ ဉာဏထူးချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းမှစတင်၍ အ.လ.က(ခွဲ)မြို့သစ် ကျောင်း၌  ကျင်းပပြုလုပ်ခဲ့ကြသည်။

အခမ်းအနားတွင် အ.လ.က(ခွဲ)မြို့သစ်ကျောင်းမှ ကျောင်းသား/ကျောင်းသူများက ပညာပန်းခင်း သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး  မြို့သစ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းက အဖွင့်အမှာ စကားပြောကြားပြီး ကျောင်းအုပ်ဆရာကြီး ဦးခင်ကြိုင်က ပညာရေးစုံညီပွဲတော် ကျင်းပပြုလုပ် ရခြင်း ရည်ရွယ်ချက်များကို  ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ၂၀၂၅ ခုနှစ်  စာပေဘာသာရပ်တွင် ထူးချွန်သော ကျောင်းသား၊ ကျောင်းသူ များအား ကျောင်းအုပ်ဆရာကြီးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဂုဏ်ပြုဆုများ ပေးအပ်ခဲ့ပြီး အားကစားပြိုင်ပွဲများတွင် ထူးချွန်ခဲ့သော ကျောင်းသား၊ ကျောင်းသူများကိုကျောင်းအကျိုးတော် ဆောင်ဦးတင်စိုးက ဆုတံဆိပ်နှင့် ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ 

ထို့နောက် ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်လာသူများအား ကျောင်းသား၊ ကျောင်းသူများက အကပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။

ငါးသိုင်းချောင်း(ပြန်/ဆက်)