မိုင်းကိုင်မြို့နယ်၊ အ.လ.က(ပန်ကတ်)၌ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ

မိုင်းကိုင် ဇန်နဝါရီ ၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၊ အမှတ်(၅)ရပ်ကွက်ရှိ အ.လ.က(ပန်ကတ်)၏ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့မနက်ပိုင်းက အဆိုပါကျောင်းကွင်းပြင်၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး၊ ဌာနဆိုင်ရာများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသား မိဘများနှင့်ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူလေးများ၏ “ကြိုဆိုပါတယ်စုံညီပွဲတော်” သီချင်းဖြင့် အခမ်းအနားကိုဖွင့်လှစ်ပြီးနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်တင်ဦးက အဖွင့်အမှာစကားပြောကြားပြီး၊ ကျောင်းအကျိုးတော်ဆောင် ဦးစိုင်းဝန်းက ကျောင်း၏ပညာရေး ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများကို ဆွေးနွေးတင်ပြကာ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်သဇင်နုလေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွင်း ပြည်နယ်အဆင့်၊ ခရိုင်အဆင့်နှင့် မြို့နယ်အဆင့် ကာယ၊ ဉာဏနှင့် ဘက်စုံထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်‌ခြင်း၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စီစဉ်တင်ဆက်သော အကပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်ကပြရာ ဧည့်သည်တော်များနှင့် ကျောင်းသားမိဘများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ချော(မိုင်းကိုင်)