မိုင်းယန်း ဇန်နဝါရီ ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားနှင့် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၈ နာရီခွဲအချိန်က မွန်ကဲရပ်ကွက်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားကို အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများမှ စုံညီပွဲတော်တို့ကျောင်းတော်သီချင်းဖြင့် သီဆိုဖွင့်လှစ်သည်။
ထို့နောက် မိုင်းယန်းခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလင်းသန့်က အဖွင့်အမှာပြောကြားပြီး ခရိုင်ပညာရေးမှူး ဆရာမကြီး ဒေါ်ချိုချိုခိုင်က ပညာရေးစုံညီပွဲတော် ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူလေးများမှ တိုင်းရင်းသားအကအလှများဖြင့် ကပြဖျော်ခြင်းနှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ဘတ်ဆုံပညာစွမ်းရည်ပြိုင်ပွဲ ပြည်နယ်အဆင့်ဆု၊ သင်ထောင်ကူ(ထက်ဆင့်၊ လယ်ဆင့်၊ မူဆင့်)ဆု၊ ပန်းချီဆု၊ ပြည်နယ်အဆင့်၊ ခရိုင်ဆင့်၊ မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲ၊ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲများတွင် ထူးချွန်ဆုများရရှိသည့် ကျောင်းသား/ ကျောင်းသူများ၊ လူရည်ချွန်မောင်/မယ်များအား တာဝန်ရှိသူများမှ ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဆုတံဆိတ်များကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
မိုင်းယန်းခရိုင်/ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားနှင့် ပညာရေးစုံညီပွဲတော်များ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
ထွန်းထွန်းထူး