တိုက်ကြီး ဇန်နဝါရီ ၃
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားအား ယနေ့နံနက် ၈ နာရီခွဲက အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း၊ အနော်ရထာခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးမောင်မောင်လတ်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးမိုးကျော်ဦး၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မိုးအောင်နှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် လူရည်ချွန် မလမင်းအိမ်တို့က အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း ဘင်ခရာအဖွဲ့မှ ဂုဏ်ပြုတီးခတ်ဖျော်ဖြေသည်။
ဆက်လက်ပြီး အနော်ရထာခန်းမ၌ Grade-10၊ Grade-11 ကျောင်းသား ကျောင်းသူများက ကြိုဆိုပါသည် ပညာရေးစုံညီပွဲတော် သီချင်းဖြင့် သီဆိုဖျော်ဖြေကာ မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးမိုးကျော်ဦးက အဖွင့်အမှာစကားပြောကြားသည်။ ယင်းနောက် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မိုးအောင်က ပညာရေးစုံညီပွဲတော် ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကျောင်းတက်ရက်မှန်ဆုရ ဆရာမနှင့် အတန်းမှူးများအား ဂုဏ်ပြုလက်ဆောင်များ ချီးမြှင့်ပေးအပ်သည်။ ထို့နောက် တာဝန်ရှိသူများက KG မှ Grade- 12 အထိ ဉာဏထူးချွန်ဆု၊ ကာယထူးချွန်ဆုနှင့် အားကစားထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများအား ဆုများကို အသီးသီးချီးမြှင့်ပေးအပ်ခဲ့ပြီး၊ ကျောင်းသား ကျောင်းသူလေးများက တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေတင်ဆက်သည်။
အဆိုပါ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်သို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင် ဦးမောင်မောင်လတ်၊ မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူးနှင့် လက်ထောက်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ဆုရ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသား မိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)