ကလောမြို့နယ်၌ (၇၈)နှစ် လွတ်လပ်ရေး‌နေ့ ကြိုဆိုဂုဏ်ပြု‌သောအားဖြင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ

ကလော ဇန်နဝါရီလ ၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဇန်နဝါရီ ၂ရက်နေ့ နံနက် ၁၀ နာရီက (၇၈)နှစ်လွတ်လပ်ရေး‌ နေ့ကြိုဆိုဂုဏ်ပြု‌သောအားဖြင့် မူလတန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကလောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးခွန်အာကာထွန်းက ပြိုင်ပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် ကလောမြို့‌ အမှတ်(၃)အခြေခံပညာမူလတန်းအဆင့် ကျောင်းသား၊ကျောင်းသူများက အသီးသီးပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင်ပြိုင်ပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှတာဝန်ရှိသူများက မေတ္တာလက်ဆောင်များပေးခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)