ဓနုဖြူ ဇန်နဝါရီ ၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စံပြမိခင်နှင့်ကလေးပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းပိုင် မူကြိုကျောင်း၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ထိုက်စုကြည်က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဆရာမကြီး ဒေါ်မြဝင်းနုက အမှတ်ပေးစည်းမျဉ်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်ဆုရရှိသည့် စံပြမိခင်များနှင့်ကလေးများအား ဆုများအသီးသီးချီးမြှင့်ကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ အဆိုပါ စံပြမိခင်နှင့်ကလေးပြိုင်ပွဲတွင် မွေးကင်းစမှ အသက် ၆ လအထိ၊ အသက် ၆ လမှ အသက် ၁ နှစ်အထိ ကလေးများ လာရှောက်ယှဥ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)