အိမ်မဲမြို့နယ်တွင် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာဖတ်ဝိုင်း ကျင်းပ

အိမ်မဲ ဇန်နဝါရီ ၄

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် Women Club အဖွဲ့ မှ စာရေးဆရာ တက္ကသိုလ်နေဝင်း၏ဗိုလ်ချုပ်အောင်ဆန်းနှင့်လွတ်လပ်ရေးကြိုးပမ်းမှုမှတ်တမ်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီတွင် ကျင်းပသည်။

စာဖတ်ဝိုင်းတွင် အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များကိုပြောကြားခဲ့ပြီး ဦးစီးအရာရှိ နှင့် Women Club အဖွဲ့ဝင်များက အဆိုပါစာအုပ်မှ ဗိုလ်ချုပ်အောင်ဆန်းနှင့်ဖက်ဆစ်တော်လှန် ရေးနိဒါန်း၊ ကျွန်တော်တို့ မမေ့နိုင်သောဆယ့်ကိုးဇူလိုင်၊ ငါးမူးတန်ရုပ်ရှင်ကြည့်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်း အစရှိသည့် ခေါင်းစဥ်များဖြင့် အချင်းချင်းအပြန်အလှန် မိမိတို့ထင်မြင်ယူဆချက်များကို ဆွေးနွေး ပြောကြားခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းများ ပြုလုပ်ပေးခြင်းကြောင့် Club အဖွဲ့များ တစ်ဦးနှင့်တစ်ဦးရင်းနှီးမှုရရှိစေခြင်း၊ တစ်ဦးကရရှိသည့်ဗဟုသုတကို အခြားသူတစ်ဦးသို့ ပြန်လည်မျှဝေနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း သိရသည်။

ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)