ကလောမြို့နယ်၌ (၇၈)နှစ် လွတ်လပ်ရေး‌နေ့အကြို အထိမ်းအမှတ် အသိပညာ‌ပေးဟောပြောနှင့် နံရံကပ်စာ‌စောင်ပြသ

ကလော ဇန်နဝါရီလ ၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဇန်နဝါရီ ၂ ရက်နေ့ မွန်းလွှဲ ၁ နာရီက (၇၈)နှစ် လွတ်လပ်ရေး‌နေ့အကြို အထိမ်းအမှတ် အသိပညာ‌ပေးဟောပြောပွဲနှင့် နံရံကပ်စာ‌စောင်ပြသခြင်း‌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ဦးစွာ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးခွန်အာကာထွန်းနှင့်ဒုတိယဦးစီးမှူး ဒေါ်ပြည့်ဖြိုးကြွယ်တို့က လွတ်လပ်ရေးနေ့ဖြစ်‌ ပေါ်လာပုံသမိုင်းအကြောင်းတို့ကိုအသိပညာ‌ပေး ဟောပြောခဲ့ကြသည်။ ထို့နောက် ကျောင်းသား၊ကျောင်းသူများအား ကျောင်းစာအပြင် ပြင်ပဗဟုသုတများတိုးပွားစေရေးအတွက် လွတ်လပ်ရေးနေ့အကြောင်းပါဝင်သည် အသိပညာပေးနံရံကပ်စာစောင်ပြသခဲ့ရာ ကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာဖတ်ရှု့ကြကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)