ဖျာပုံမြို့၌ (၇၈)ကြိမ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ဌာနဆိုင်ရာဖူးဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

ဖျာပုံ ဇန်နဝါရီ ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှကျင်းပသော (၇၈)ကြိမ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ဌာနဆိုင်ရာဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို ဇန်နဝါရီ ၂ရက်နေ့ ညနေပိုင်းက ဖျာပုံမြို့နယ်ပြည်သူ့အားကစားခန်းမ၌ ကျင်းပသည်။

အဆိုပါ (၇၈)ကြိမ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ဌာနဆိုင်ရာဖူးဆယ်ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲအဖြစ် ဖျာပုံခရိုင်ပညာရေးနှင့် ဖျာပုံခရိုင်ငါးလုပ်ငန်းအသင်းတို့ ယှဥ်ပြိုင်ကြရာ ဖျာပုံခရိုင်ပညာရေးအသင်းက ဖျာပုံခရိုင်ငါးလုပ်ငန်းအသင်းကို (၄) ဂိုလ်း(၂)ဂိုလ်းဖြင့် အနိုင်ရရှိသည်။

ယင်းနောက် ဆုချီးမြှင့်ပွဲကိုဆက်လက်ကျင်းပရာ ဖျာပုံခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦးက ပထမဆုရ ခရိုင်ပညာရေးအသင်းအား ဆုဖလား၊ ဆုတံဆိပ်နှင့်ဆုငွေများကိုချီးမြှင့်ပြီး ဖျာပုံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်းများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ဒုတိယ၊ တတိယနှင့် ပွဲစဥ်တစ်လျှောက် အကောင်းဆုံးကစားသမားဆုရသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ (၇၈)ကြိမ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌဖလား ဌာနဆိုင်ရာဖူးဆယ်ဘောလုံးပြိုင်တွင် ဖျာပုံခရိုင်အဆင့်ဌာနဆိုင်များမှ ပြိုင်ပွဲဝင်အသင်း(၁၂)သင်းတို့ ပါဝင်ယှဥ်ပြိုင်ကစားခဲ့ကြကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)