ကျိုင်းတုံ ဇန်နဝါရီ ၄
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏အမိန့်အမှတ်(၂/၂၀၂၆)အရ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၃၇ ဦးကို ယနေ့က လွှတ်ပေးခဲ့ကြောင်း သိရသည်။
ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့သည့် အကျဉ်းသား၊ အကျဉ်းသူများအား ကျိုင်းတုံခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုးဝေ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်မြင့်ကြည်နှင့်တာဝန်ရှိသူများက ဆုံးမဩဝါဒစကားပြောကြားပြီး လွတ်ငြိမ်းသက်သာခွင့်လက်မှတ်များပေးအပ်ခဲ့ကြောင်း သိရသည်။
ကျိုင်းတုံ အကျဉ်းထောင်မှ နိုင်ငံသားအကျဉ်းသား ၂၆ ဦး၊ အကျဉ်းသူ ၁၀ ဦး၊ နိုင်ငံခြားသားအကျဉ်းသား ၁ ဦး စုစုပေါင်း ၃၇ ဦး လွှတ်ပေးခဲ့ကြောင်းသိရသည်။ အဆိုပါ လွတ်မြောက်လာသူများအား ၎င်းတို့မိသားစုဝင်များ၊ သူငယ်ချင်းများ၊ မိတ်ဆွေများက ပျော်ရွှင်စွာကြိုဆိုခဲ့ကြကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)