ကလောမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ပညာရေးစုံညီပွဲတော် ကျင်းပ

ကလော ဇန်နဝါရီ ၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့တွင် ၂၀၂၅-၂၀၂၆ပညာသင်နှစ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၏ ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါကျောင်း၌ကျင်းပပြုလုပ်ခဲ့ရာ ကလောတပ်နယ် စစ်ဦးစီးတက္ကသိုလ်‌ ခေတ္တကျောင်းအုပ်ကြီး၊ ကလောခရိုင်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ကျောင်းသား မိဘဆရာအသင်းနှင့် ကျောင်းသားမိဘများတက်ရောက်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို စုံညီပွဲတော်တို့နွှဲပျော်သီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ခဲ့ပြီး ကလောတပ်နယ်စစ်ဦးစီးတက္ကသိုလ်‌ ခေတ္တကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ရန်နိုင်စိုး၊ ကလောခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်တို့က ပညာ‌ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ပညာရည်ချွန်ဆုရရှိခဲ့သည့် ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများအား ကလောတပ်နယ် စစ်ဦးစီးတက္ကသိုလ် ခေတ္တ ကျောင်းအုပ်ကြီး၊ ခရိုင်စီမံခန့်ခွဲ‌ရေးအုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ပေးခဲ့ပြီး ကျောင်းသား၊ကျောင်းသူများက အကပဒေသာများဖြင့် ကပြဖျော်ဖြေခဲ့ကြ‌ကြောင်း သိရှိရသည်။

 မြို့နယ်(ပြန်/ဆက်)