မိုင်းပန်မြို့နယ် အခြေခံပညာကျောင်းများ၌ ၂၀၂၅-၂၀၂၆ ခုနှစ် ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော် ကျင်းပ

မိုင်းပန် ဇန်နဝါရီ ၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၌ အခြေခံပညာအလယ်တန်းကျောင်း(မွေတော်)၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မြို့မနှင့် အခြေခံပညာမူလတန်းလွန်ကျောင်း(နားစန်း)ကျောင်းများ၏ ၂၀၂၅-၂၀၂၆ ခုနှစ်ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်ကို ယမန် နေ့မွန်းလွဲ  ၁ နာရီက ကျင်းပခဲ့သည်။

အဆိုပါ ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်တွင် ဘင်ခရာအဖွဲ့က တီးမှုတ်ဖျော်ဖြေခဲ့ကြပြီး  သက်ဆိုင်ရာတာဝန်ရှိသူများတို့က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီးများတို့က ပွဲတော်ဖြစ်မြောက်ရေးအတွက် အဘက်ဘက်မှကူညီပံ့ပိုးပေးပါသော စေတနာရှင်၊ အလှူရှင်များအား ကျေးဇူးတင်စကားပြောကြားပြီး ပညာရည်ချွန်ဆု၊ လူရည်ချွန်ဆုနှင့်ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့သည်။

ဆက်လက်၍ ကျောင်းသား/သူလေးများက အကပဒေသာများ၊ ဘက်စုံပညာကိုရည်တို့လှမ်းချီနှင့် လမ်းပြကြယ်တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)