မဟာအောင်မြေ ဇန်နဝါရီ ၅
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် မြို့နယ်အားကစားကွင်း၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မိသားစုဘောလုံးပြိုင်ပွဲကို ဒီဇင်ဘာ ၁၇ ရက်နေ့ မွန်းလွဲပိုင်းက အသင်းပေါင်း ၁၀ သင်းဖြင့် စတင်ယှဉ်ပြိုင်ကစားခဲ့သည်။
မဟာအောင်မြေမြို့နယ် မြို့နယ်အားကစားကွင်း၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် မိသားစုဘောလုံးဖိတ်ခေါ်ပြိုင်ပွဲကို မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ဘောလုံးဆပ်ကော်မတီအဖွဲ့တို့မှ ကြီးမှူး၍ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မိသားစုဘောလုံးပြိုင်ပွဲကို အသင်း (၁၀)သင်းဖြင့် ဒီဇင်ဘာ ၁၇ ရက်နေ့မှ စတင်ကျင်းပပေးခဲ့ရာ ယနေ့ဖိုင်နယ်ပွဲစဉ်အဖြစ် San Shine FC အသင်းနှင့် CMO FC အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ပင်နယ်တီအဆုံးအဖြတ်ဖြင့် San Shine FC အသင်းကအနိုင်ရရှိကာ အများပြည်သူအားကစားဝါသနာရှင်များဖြင့် စည်ကားသိုက်မြိုက်စွာကျင်းခဲ့ကြပြီး လာရောက် ကြည့်ရှုသူများအား (အခမဲ့) ကြည့်ရှုခွင့်ပေးခဲ့ရာ ပြိုင်ပွဲများကို ဒီဇင်ဘာ ၁၇ ရက်နေ့မှ ဇန်နဝါရီ ၄ ရက်နေ့အထိ ကျင်းပပြုလုပ်ပေးခဲ့ပြီး ဆုရရှိသောအသင်းများအား ပထမ ဒိုင်ဆု၊ (ပထမ၊ ဒုတိယ၊ တတိယရရှိသော အသင်းအား ရွှေ၊ငွေ၊ကြေးဆုတံဆိပ်များနှင့် ပွဲစဉ်တစ်လျှောက်အကောင်းဆုံးဆု၊ ရှေ့တန်းအကောင်းဆုံးဆု၊ ဂိုးသမားအကောင်းဆုံးဆု၊ အလယ်တန်းအကောင်းဆုံးဆု၊ နောက်တန်းအကောင်းဆုံးဆုများကို အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးနေလင်းဦး၊ မြို့နယ်အားကစားမှူး ဦးရှီးမွန်နှင့်တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ပေးခဲ့သည်။
အောင်ဇော်မင်း