ကွန်ဟိန်း ဇန်နဝါရီ ၅
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ အဖွဲ့ဝင် ရှမ်းပြည်နယ် (တောင်ပိုင်း) တာဝန်ခံ ဦးခင်မောင်ဦးနှင့် အဖွဲ့ဝင်များသည် ယမန်နေ့ညနေ ၄ နာရီခန့်က အမှတ် (၃) ရပ်ကွက်ရှိ နမ့်ပန်ခန်းမ၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များနှင့်ရပ်ကွက်၊ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် တွေဆုံပွဲအခမ်းအနား ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ် (တောင်ပိုင်း) တာဝန်ခံ ဦးခင်မောင်ဦးက ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်နှင့် ရပ်/ကျေးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ အသက် (၁၈) နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရန် ဆန္ဒမဲပေးနိုင်ရေး၊ ကြိုတင်ဆန္ဒမဲကိစ္စရပ်များစနစ်တကျဆောင်ရွက်ရေး ၊မဲပေးစက်နှင့် ဆက်စပ်ပစ္စည်းများ ရပ်ကွက်နှင့်ကျေးရွာများသို့ ဖြန့်ခွဲမည့်အစီအစဉ်များ၊ မဲရုံများကြိုတင်ပြင်ဆင်ရေးနှင့် ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ကြမည့်သူများအနေဖြင့် မဲရုံအဖွဲ့ဝင်လုပ်ငန်း လမ်းညွှန်ပါ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ အချိန်နှင့်တပြေးညီဆောင်ရွက်နိုင်ရေး ကြိုတင် ပြင်ဆင်ရေးတို့နှင့် ပတ်သက်၍ အမှာစကားပြောကြား
လွိုင်လင်ခရိုင်ရွေးကောက်ပွဲအရာရှိ ဦးသိန်းနိုင်က ရွေးကောက်ပွဲ အပိုင်း(၂)တွင် ကျင်းပမည့်ကွန်ဟိန်းမြို့နယ်မှ ပြင်ဆင်ထားရှိမှုအခြေအနေများအား ရှင်းလင်း တင်ပြခဲ့ကြောင်းသိရသည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင်က ရွေးကောက်ပွဲလုံခြုံရေးဆိုင်ရာကိစ္စရပ်များရွေးကောက်ပွဲကာလတို့အတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးဗန်ကယ်မီလျာက ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ အဖွဲ့ဝင် ရှမ်းပြည်နယ် (တောင်ပိုင်း) တာဝန်ခံ ဦးခင်မောင်ဦးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)