မဟာအောင်မြေမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

‎‎မဟာအောင်မြေ ဇန်နဝါရီ ၅

မဟာအောင်မြေမြို့နယ် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲရုံး၌ ကျင်းပသည်။

‎‎အဆိုပါ အစည်းအဝေးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် မန္တလေးတိုင်းဒေသကြီးတာဝန်ခံ ‌ဦးသန်းအောင်ကျော်က အပိုင်း (၂) အဖြစ် ကျင်းပပြုလုပ်မည့် မဟာအာင်အောင်မြေမြို့နယ်အနေဖြင့် ‌သက်ဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်နေပြည်သူများဖြင့် ပူးပေါင်း၍ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အောင်မြင်စွာ ကျင်းပစေလိုကြောင်း၊ မဲဆန္ဒရှင်ပြည်သူများ စိတ်အေးချမ်းပျော်ရွှင်စွာ မဲပေးနိုင်စေရန် မဲရုံများ စနစ်တကျစီစဉ်ဆောင်ရွက်ထားရှိစေရန် စသည့်အကြောင်းအရာများ ပြောကြားခဲ့ရာ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်သန်းထွန်းက ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မဲရုံများစနစ်တကျ စီစဉ်ဆောင်ရွက်ထားရှိကြောင်းနှင့် ကြိုတင်မဲများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးရဲမင်းလွင်က ရွေးကောက်ပွဲနှင့် ပတ်သက်သည့် လုပ်ငန်းဆောင်ရွက်ချက်များကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့သည်။

‎‎ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် မန္တလေးတိုင်းဒေသကြီးတာဝန်ခံ ‌ဦးသန်းအောင်ကျော်နှင့် ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက မဟာအောင်မြေမြို့နယ်ရှိ ၁၈ ရပ်ကွက်အနက် သံလျှက်မှော်အရှေ့ရပ်ကွက်၊ စိန်ပန်းရပ်ကွက်၊ ဒေးဝန်အရှေ့ရပ်ကွက်များသို့သွားရောက်၍ ကြိုတင်မဲပေးပုံများနှင့်ပတ်သက်၍ ရှင်းလင်းပြောခြင်း၊ မဲရုံများခင်းကျင်းပြသမှုနှင့်ပတ်သက်၍ လှည့်လည်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့သည်။

‎‎အဆိုပါ အစည်းအဝေးနှင့် လှည့်လည်ကြည်ရှုစစ်ဆေးမှုများအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် မန္တလေးတိုင်းဒေသကြီးတာဝန်ခံ ‌ဦးသန်းအောင်ကျော်၊ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်သန်းထွန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးရဲမင်းလွင်၊ မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လင်းခိုင်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးကောင်းမြတ်ကျော်တို့မှ လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

‎‎အောင်ဇော်မင်း