တနင်္သာရီမြို့နယ်၌(၇၈)နှစ်မြောက်  လွတ်လပ်ရေးနေ့အခမ်းအနား  ကျင်းပ

တနင်္သာရီ   ဇန်နဝါရီ   ၅

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို နိုင်ငံတစ်ဝန်းတွင် ကျင်းပလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၌ ဇန်နဝါရီလ(၄)ရက် နံနက်ပိုင်းက လွတ်လပ်ရေးနေ့ အခမ်းအနားကို မြို့မရဲစခန်းဝင်းအတွင်းတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ အလံတင်အခမ်းအနားကို နံနက်(၄)နာရီ မိနစ်(၂၀)တွင် ကျင်းပရာ နိုင်ငံတော်အလံအား ရဲတပ်ဖွဲ့ဝင်များက အလံတိုင်ထိပ်သို့လွှင့်တင်ခဲ့ကြပြီး နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများနှင့် ရဲဘော်အပေါင်းတို့အား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး‌ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက စုပေါင်း ညီညာစွာ ဦးညွှတ်အလေးပြုခဲ့ကြသည်။

ဆက်လက်၍ သဝဏ်လွှာဖတ်ပွဲ အခမ်းအနားအား နံနက်(၇)နာရီတွင် ကျင်းပခဲ့ရာ နိုင်ငံတော်အလံနှင့်  ကျဆုံးလေပြီးသော  ခေါင်းဆောင်ကြီး များနှင့် ရဲဘော်အပေါင်းတို့အား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊  လူမှုရေးအသင်း အဖွဲ့များ၊ ဆရာ/မများနှင့် ကျောင်းသားသူများ၊ ပြည်သူများက စုပေါင်းညီညာစွာ ဦးညွှတ်အလေးပြုကြသည်။

ထို့နောက် နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော် လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌထံမှ ပေးပို့သော (၇၈)နှစ် မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာအား တနင်္သာရီမြို့နယ် စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဖိလစ်ဝင်းက ဖတ်ကြားသည်။  ဆက်လက်၍ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲတို့တွင် ဆုရရှိခဲ့ကြသော ကျောင်းသား/သူများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သီသီခိုင် ( ပြန်/ဆက် )