မိုင်းဆတ် ဇန်နဝါရီ ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ဇန်နဝါရီလ ၃ ရက်၊ နံ နက် ၉ နာရီက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ အခမ်းအနားအား ဘင်ခရာအဖွဲ့ကျောင်းသား၊ ကျောင်းသူလေးများက နိုင်ငံတော်သီ ချင်းဖြင့် သီဆိုတီးမှုတ်ဖွင့်လှစ်ပြီး ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီထွေးနှင့် ခရိုင်ပညာရေးမှူး ဒေါ်စန်းကြည်ဝင်းတို့က အဖွင့်အမှာစကားပြောကြားကာ ကျောင်းအုပ်ဆရာကြီး ဦးသောင်းအေးက ကျေးဇူးတင်စကားပြောကြားသည်။
ထို့နောက် အခြေခံပညာအထက်တန်းကျောင်းမှ ဆရာမများက ''တို့ရဲ့ရှမ်းပြည်''သီချင်းဖြင့် ကပြဖျော်ဖြေပြီး ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က ပညာရည်ချွန်ဆုများနှင့် ကျောင်းဘက်စုံဖွံ့ဖြိုးတိုးတက်မှုအတွက် ပါဝင်လှူဒါန်းပေးသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ကျောင်းသား၊ ကျောင်းသူလေးများက အကပဒေသာများဖြင့် ကပြဖျော်ဖြေကြရာ တက်ရောက်လာသော ဌာနဆိုင်ရာအကြီးအကဲများနှင့် ဧည့်သည်တော်များက ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)