မြင်းခြံ ဇန်နဝါရီ ၅
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်း စံပယ်ခန်းမတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများက “ကြိုဆိုပါသည် စုံညီပွဲတော်” သီချင်း သီဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့သည်။
ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းမင်းထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွင်း လူရည်ချွန်ဆုများ၊ တိုင်းအဆင့်ဆုများ၊ မြို့နယ်အဆင့်ဆုများ၊ ကျောင်းအဆင့် စွမ်းရည်ဆုများ၊ ကျောင်းတွင်းပညာရည်ချွန်ဆုများ၊ စာစီစာကုံးပြိုင်ပွဲဆုများ၊ အားကစားဆုများ၊ အသင်းစံပြဆုများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွဋ်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင်များမှ အသီးသီး ဆုများချီးမြှင့်ပေးအပ်ခဲ့ကြသည်။
ဆုပေးပွဲတွင် အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများက “မှုံရွှေရည်” ၊ “ပညာရေးစုံညီပွဲတော်” ၊ ပန်းပွားအကများဖြင့် ကပြဖျော်ဖြေပေးခဲ့ပြီး ဘင်ခရာအဖွဲ့မှ ဂုဏ်ပြုနှုတ်ဆက်ပေးခဲ့ကြောင်း သိရသည်။
ချစ်ဦးနွေ(မြင်းခြံ)