ညောင်ဦးမြို့နယ်၌ ၂၀၂၆ ခုနှစ်(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ စည်ကားသိုက်မြိုက်စွာကျင်းပ

ညောင်ဦး ဇန်နဝါရီ ၅

 မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ (၇၈)နှစ်မြောက် အားကစားပြိုင်ပွဲများကို ယမန်နေ့ နံနက် နံနက် ၈ နာရီအချိန်က စတင်၍ ခရိုင်အားကစားပြိုင်ကွင်းအတွင်း၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတို့တွင် ပြိုင်ပွဲပေါင်းစုံတို့ဖြင့် စည်းကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်း သိရသည်။

ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့်ကော်မတီဝင်များ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ညောင်ဦးမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့်ကော်မတီဝင်များ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ဦးစီးအရာရှိ ဒေါ်မာမာထွန်းနှင့်ဝန်ထမ်းများ၊ ဆရာ/ဆရာမများ ကြီးကြပ်လျက် (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများအဖြစ် ကျားငယ်/မငယ် မီတာ ၅၀၀၊ကျားကြီး/မကြီး/ကျားလတ်/မလတ် မီတာ ၁၀၀၊ ကျားကြီး/မကြီး သံပြားပစ်၊သံလုံးပစ်၊ ကျားငယ်/မငယ် အာလူးကောက်၊ အိပ်စွပ်ပြေး၊ မုန့်စားပြိုင်ပွဲ၊ ဆန်ကောရွက်ပြေးပွဲနှင့်အကြီးတန်းကျား/မလွန်ဆွဲပြိုင်ပွဲ၊ထုပ်ဆီးတိုးပြိုင်ပွဲ၊ နေ့ချင်းပြီး ပိုက်ကျော်ခြင်းခတ်နှင့်ဘောလီဘောပြိုင်ပွဲ၊ အငယ်တန်း ဘောလုံးပြိုင်ပွဲ များ၊ ခေါင်းအုံးရိုက်ပြိုင်ပွဲများကို ခရိုင်ပြည်သူ့အားကစားကွင်းတွင်လည်းကောင်း၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အားကစားကွင်းတို့၌လည်းကောင်း ရပ်ကွက်များမှ အားကစားဝါသနာရှင်များ၊ အခြေခံပညာကျောင်းနှင့်ပုဂ္ဂလိကကျောင်းများမှ အားကစားဝါသနာရှင် ကျောင်းသား/ကျောင်းသူများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပြီး ဆုချီးမြှင့်ခြင်းအား ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့်ကော်မတီဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးအဖွဲ့များက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဒီပါလင်း