မိုင်းတုံ ဇန်နဝါရီ ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်အတွင်းမဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ စက်ကိုင်သူ၊ မဲစာရင်းစစ်ဆေးသူ၊ မင်တို့သူ၊ မဲရုံလုံခြုံရေးနှင့် ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဉက္ကဋ္ဌ ဦးငြိမ်းထွန်းကျော်က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ဆောင်ရွက်မည်ဖြစ်သည့်အတွက် လုပ်ငန်အခြေအနေများ၊ မဲရုံမှူး၊ ဒုမဲရုံမှူးများ သိရှိလိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းလမ်းညွှန်များ၊ တာဝန်နှင့် လုပ်ပိုင်ခွင့်များနှင့် ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများ၏ ဆောင်ရွက်ရမည့်တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ မဲစာရင်းစစ်ဆေးသူနှင့် ထိန်းချုပ်စက်ကိုင်တွယ်သူများ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြုခြင်းဆိုင်ရာ လုပ်ငန်းများနှင့် လုပ်ငန်းစဉ်အကျဉ်းချုပ်များ၊ (MEVM)စက်များ သယ်ဆောင်ခြင်းနှင့် ကိုင်တွယ်အသုံးပြုရမည့်အခြေအနေများ၊ မဲရုံအတွင်းအသုံးပြုရမည့် လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေပါပုံစံများ ကျွမ်းကျင်နားလည်သိရှိသွားရမည်ဖြစ်ကြောင်းနှင့် ရွေးကောက်ပွဲအား အောင်မြင်စွာ ဆောင်ရွက်မည့်အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဒုတိယဉက္ကဋ္ဌ ဦးသိန်းဇော်ဝင်းက မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ ထိန်းချုပ်စက်ကိုင်တွယ်သူ၊ မဲစာရင်းစစ်ဆေးသူ၊ မင်တို့သူ၊ မဲရုံလုံခြုံရေးနှင့် ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများ သင်တန်းဖွင့်ပေးရခြင်း၏ ရည်ရွယ်ချက်ကို အကျယ်တဝင့် ရှင်းလင်း၍ ဖွင့်ပွဲအခမ်းအနား ရုပ်သိမ်းပြီးနောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းဇော်ဝင်းဦးဆောင်၍ သင်တန်းမှူး(၃)ဦးဖြင့် သင်တန်းသား၊ သင်တန်းသူ (၉၈၈) ဦးဖြင့် ဇန်နဝါရီလ ၅ ရက်နေ့မှ ၇ ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုအခမ်းအနားသို့ ခရိုင်/မြို့နယ်အဆင့်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာဆိုင်ရာဌာနဆိုင်ရာအကြီးအကဲများနှင့် သင်တန်းသား/သင်တန်းသူများ စုစုပေါင်း (၁၁၀၂)ခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ဝင်းဝင်းခိုင်(မြို့နယ်၊ ပြန်/ဆက်)