မိုင်းယန်း ဇန်နဝါရီ ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)နှင့် ဆက်စပ်ပစ္စည်းများအား ကျိုင်းတုံမြို့နယ်မှ တာဝန်ရှိသူများက သွားရောက်ထုတ်ယူရောက်ရှိလာ၍ စနစ်တကျဆောင်ရွက်ထားရှိနေမှုအခြေအနေများကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလင်းသန့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးနှင့် တာဝန်ရှိသူများမှ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)များကို မဲဆန္ဒရှင်ပြည်သူများ လွယ်ကူစွာမဲပေးနိုင်ရေး ဆောင်ရွက်ထားရှိပြီး မဲပေးစက်စနစ်တကျကိုင်တွယ်နည်းများကို တာဝန်ကျဝန်ထမ်းများအား သင်တန်းများ ပို့ချထားပြီးဖြစ်ကြောင်း၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်အတွင်းရှိ မဲရုံ (၂၃)ရုံအတွက် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) (၂၀၅)လုံးတို့အား ဇန်နဝါရီ (၈)ရက်နေ့တွင် စနစ်တကျထုတ်ပေးသွားမည်ဖြစ်ကြောင်းနှင့် အသက် ၁၈ နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၆၃၀၃)ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
ထွန်းထွန်းထူး