ကွတ်ခိုင် ဩဂုတ် ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် မဲဆန္ဒရှင်စာရင်း များတွင် မိမိအမည်ပါရှိစေရေးအတွက် မြို့နယ်ကော်မရှင် အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းတွင် မြို့မဈေးအတွင်း နှင့် ယာယီပျံကျဈေးတို့၌ အသိပေး ပိုစတာများ လိုက်လံဖြန့်ဝေ ပေးသည်။
၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက မဲဆန္ဒရှင်စာရင်းများကို ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများတွင် ထုတ်ပြန်ကြေညာထားလျက်ရှိသည်။
“ မဲဆန္ဒရှင်ပြည်သူတေွအနေနဲ့ ထုတ်ပြန်ကြေညာထားတဲ့ မဲစာရင်းမှာ ကိုယ့်နာမည် ပါရှိမှု ရှိ/မရှိ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွေေမှာ သွားရောက်ကြည့်ရှုဖို့ လိုပါတယ်၊ မဲစာရင်းမှာ သတ်မှတ်ထားတဲ့ ပုံစံအတိုင်း မပါရှိတာတွေ၊ ကိုယ်ရေးအချက်အလက် မှားယွင်း နေတာရှိရင် ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေဆီမှာ သတ်မှတ်ထားတဲ့ပုံစံအတိုင်း ပြန်လျှေက်ယူရပါမယ်၊ လျှေက်ထား တာတွေကို (၇)ရက်အတွင်းမှာ ပြန်ပြီး ကြည့်ရှုစစ်ဆေးဖို့ လိုအပ်ပါတယ်၊ အခုဖြန့်ဝေပေးတဲ့ ပိုစတာထဲ မှာ မဲဆန္ဒရှင်တွေ သိသင့် သိအပ်တဲ့ အကြောင်းအရာတွေအပြင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ လူမှုကွန်ယက်စာမျက်နှာ လိပ်စာနဲ့ ဝဘ်ဆိုဒ်လိပ်စာတွေပါ ထည့်သွားဖော်ပြထားတယ်”လို့ မြို့နယ်ကော်မရှင် အဖွဲ့ခွဲရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်တောင်ဂျာခေါန်က ပြောသည်။
ကွတ်ခိုင်မြို့နယ်တွင် ပထမအကြိမ်ထုတ်ပြန်ကြေညာသည့် မဲဆန္ဒရှင်စာရင်းတွင် အသက်(၁၈)နှစ်ပြည့် ပြီး ဆန္ဒမဲပေးပိုင်ခွင့် ရှိသူ(၁၂၇၀၀)ကျော်ရှိသည်။ အခြေခံမဲဆန္ဒရှင်စာရင်းများကို (၂၅-၇-၂၀၂၀) ရက်နေ့တွင် ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများ၌ ထုတ်ပြန်ကြေညာထားပြီးဖြစ်ရာ ကွတ်ခိုင် မြို့ပေါ်(၈)ရပ်ကွက်၊ တာမိုးညဲမြို့ပေါ်(၈)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၈၄) အုပ်စုတို့တွင် ကျေးရွာပေါင်း (၄၆၃)ရွာရှိကာ မဲရုံပေါင်း(၁၃၄)ရုံ ပြင်ဆင်ဆောင်ရွက်ထားရှိကြောင်း ကွတ်ခိုင်မြို့နယ်ကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
မိုင်းဘဉာဏ်(ပြန်/ဆက်)