(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကလေးကျန်းမာမှုပြိုင်ပွဲ ဆုပေးပွဲကျင်းပ

ညောင်တုန်း ဇန်နဝါရီ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းမှကြီးမှူး၍ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကလေးကျန်းမာမှု ပြိုင်ပွဲဆု‌ပေးပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်မိခင်နှင့်ကလေး‌စောင့်ရှောက်ရေးအသင်းရုံး၌ ကျင်းပခဲ့သည်။

ထိုသို့ကျင်းပပြုလုပ်ရာသို့ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌ ဦးမျိုးကျော်က အဖွင့် အမှာစကားပြောကြားပြီး မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းစိုး‌အောင်က (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကလေးကျန်းမာမှု ပြိုင်ပွဲကျင်းရခြင်းရည်ရွယ်ချက်နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၏ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြား၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မင်းမင်းစိုးက ပြိုင်ပွဲစည်းကမ်းများနှင့် မိခင်နှင့် ကလေးများအတွက် ကျန်းမာရေး အသိပညာပေးအကြောင်းအရာများကို ပြောကြားကာ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် မွေးစမှ ၆ လအထိ၊ ၆ လမှ ၁ နှစ်အထိ၊ ၁ နှစ်မှ ၂ နှစ်အထိနှင့် တစ်နှစ်အတွင်းမွေးဖွားသော အမွှာကလေးငယ်များ ကျန်းမာမှုပြိုင်ပွဲတွင် ဆုရရှိသည့် ကလေးငယ်များနှင့် ဝင်ရောက်ယှဉ်ပြိုင်ကြ‌သော ကလေငယ်များကို တာဝန်ရှိသူများက ဂုဏ်ပြုဆုနှင့် အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်ဆက်)