ပွင့်ဖြူ ဇန်နဝါရီ ၆
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးက ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်နှင့် ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက လျှပ်စစ်ဝန်ထမ်းများအဖွဲ့က မြို့ပေါ်ရပ်ကွက်များသို့ ဓာတ်အားဖြန့်ဖြူးပေးထားသော မြို့ပတ်လမ်းပေါ်ရှိ ၁၁ ကေဗွီ ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် ဓာတ်အားလိုင်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးမျိုးမင်းနိုင်၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ဝန်ထမ်းများ ပူးပေါင်းအဖွဲ့က မြို့ပေါ်ရပ်ကွက်များသို့ ဓာတ်အားဖြန့်ဖြူးပေးထားသော မြို့ပတ်လမ်းပေါ်ရှိ ၁၁ ကေဗွီ ဓာတ်အားလိုင်းအား ကွင်းဆင်းစစ်ဆေးပြီး လျှော့ကျနေသော ဓာတ်အားလိုင်းကြိုးများကို ပြန်လည်ပြုပြင်ခြင်း၊ ဓာတ်အားလိုင်းနှင့်မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများအား ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်နှင့် ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရန်အတွက် စနစ်တကျ ခုတ်ထွင်ရှင်းလင်းခြင်း စသည့် ဓာတ်အားလိုင်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးက မြို့နယ်အတွင်းရှိ ပြည်သူများ လျှပ်စစ်ဓာတ်အားသုံးစွဲရာ၌ ဓာတ်အားပြည့်ဝစွာသုံးစွဲနိုင်ရန်နှင့် မီတာယူနစ်များ မှန်ကန်မှုရှိစေရန် ကြပ်မတ်စစ်ဆေးခြင်း၊ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန် အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ လျှပ်စစ်မီးမရရှိသေးသော ကျေးရွာများတွင် လျှပ်စစ်မီးသုံးစွဲနိုင်ရန် ကျေးလက်မီးလင်းရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းတို့ကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးမျိုးမင်းနိုင်ထံမှ သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)